Tuesday, November 9, 2010

ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့...

ယဉ်ကျေးသိမ်မွေ့၍ တန်ဖိုးရှိသောလူ ဖြစ်လိုလျှင် မိမိကိုယ်တိုင် မိမိ အောက်ပါနည်းလမ်းများ

ဖြင့် ဆန်းစစ်ကြည့်နိုင်ပါသည်။


၁. ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာ တို့၏ ဂုဏ်ကျေးဇူးအနန္တကို ယုံကြည်သူဖြစ်ပါသလား။

၂. မကုန်နိုင်သော သိစရာ၊သင်စရာ၊တတ်စရာ၊ မှတ်စရာ များကို ဆည်းပူးစုဆောင်း ရှာဖွေ

    သူအဖြစ် အမြဲ ရပ်တည်နေပါသလား။

၃. ရှက်စရာကိုရှက်တတ်ပြီး ကြောက်စရာကို ကြောက်တတ်ပြီး ၊စိတ်၌ ဟီရိသြတ္တပ္ပတရားကို

    ကိန်းဝပ်သူဖြစ်ပါသလား။

၎. ကလေးလူငယ်၊ သက်ကြီးရွက်အို၊ မှီခိုသူ၊ ဆင်းရဲသူတို့အား ကူညီမစခြင်း၊ ပေးကမ်းစွန့်

    ကြဲခြင်း တို့ အပေါ်၌ စိတ်ချမ်းသာသူ ၊ ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူဖြစ်ပါသလား။

၅. ကိုယ့်ထက်ချမ်းသာသူကို မြင်လျှင် မနာလိုစိတ်ကင်း၍ ၀မ်းမြောက်ဝမ်းသာ စိတ်ဖြစ်ပါသလား။

၆. မိမိနီးစပ်သူများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ် ကင်းကင်းဖြင့် မေတ္တာထားနိုင်ပါသလား။

၇.မိမိထက်နိမ့်ကျသူများနှင့် တွေ့ဆုံပါက နိုင်ထက်စီးနင်းပြောဆို ဆက်ဆံပြုမူချင်သော စိတ်မ

  ထားပဲ သနားကြင်နာစိတ် ထားနိုင်ပါသလား။

၈. အာရုံခံစားမှုလွန်ကဲသူမဟုတ်ဘဲ အတွေ့ကို သတိထား၍ ရပ်တည်နိုင်ပါသလား။

၉. လူ့လောကထဲ၌ ကိုယ်တိုင်ယဉ်ကျေးသူ ၊ နာမည်ကောင်းရသူ ၊ ဘ၀တန်ဖိုးရှိသူအဖြစ်

    နေပြချင်သည့် စိတ်ရှိပါသလား။

အထက်ပါ အချက်ကိုးချက်ဖြင့် မိမိကိုယ် စမ်းစစ်၍ ဘ၀တွင် တန်ဖိုးရှိသူများ အဖြစ်နေထိုင်

နိုင်ကြပါစေ. . .

သုတေသီဘုန်းမြင့်သွေး


ကိုးကား ..(ayeyarwaddylibrary.blogspot.com )

အလှူဖိတ်ကြားခြင်း



တန်ဆောင်မုန်းလဆန်း ( ဂ ) ရက်၊ 14.11.2010 တနင်္ဂနွေ နေ့ တွင် မြန်မာဗုဒ္ဓသာသနာ

ပြုကျောင်းတော် ၌ ကျင်းပပြုလုပ်မည့် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကျွန်တော်များ

အင်ချွန်းလူငယ် ဘော်လုံး အသင်း မှ ဘုရားအမှူးရှိ ကုန်သော သံဃာတော် အရှင်

သူမြတ်တို့ အား အာရုံဆွမ်း၊ နေ့ ဆွမ်း များ နှင့်ကြွရောက် လာသော ဧည့်ပရိတ်သတ်

အပေါင်းအားလည်း မြန်မာ ထမင်းဟင်း များဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသောကြောင့်

ရပ်ဝေး၊ရပ်နီး မှ မိတ်ဆွေ အပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား..။

.... အင်ချွန်းလူငယ် ဘော်လုံးအသင်းသားများ ....

Tuesday, November 2, 2010

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

နိုင်ငံရပ်ခြားရောက်ရှိသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ သည်၊ ခင်ရာဆွေမျိုး မြိန်ရာ
ဟင်းကောင်း ဆိုပြီး မိမိဘ၀ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြရပါသည်။ မိမိပေါင်းသင်းနေထိုင်ရာပတ်ဝန်းကျင်တွင် မိတ်ဆွေကောင်း မိတ်ဆွေမြတ်များအား.
ရွေးချယ် ပေါင်းသင်းနိုင်ရန်အလို့ ငှာ၊ မိမိ ကိုယ်တိုင်လည်း သူတပါးအပေါ် မိတ်ကောင်း
ဆွေမြတ် ပီသနိုင်စေရန်.. သတိချပ် စေလိုသောအားဖြင့် ၊ ဒီပို့ စ်လေးကို ဧရာဝတီစာ
ကြည့်တိုက်(ayeyarwaddylibrary.blogspot.com) မှတဆင့် ကူးယူဖေါ်ပြအပ်ပါသည်။

မူရင်းပို့ စ်မှာ အောက်ပါအတိုင်းဖြစ်ပသည်..။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏
အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။

"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။
ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂။ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။

ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။
ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)

Monday, November 1, 2010

စုပေါင်းဘုံကထိန်ပွဲတော် ဖိတ်ကြားခြင်း


တန်ဆောင်မုန်းလရောက်တိုင်းနှစ်စဉ်ကျင်းပမြဲဖြစ်သော ကထိန်ပွဲတော်ကို
သတ္တမအကြိမ်မြောက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၌ ကျင်းပတော်မူမည် ။
ဘုရားအမှူး ရှိသော ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော်
သံဃာတော် အရှင်သူမြတ်တို့အား တန်ဆောင်မုန်းလဆန်း ( ဂ ) ရက် (၁၄ - ၁၁ -၂၀၁၀)
တနင်္ဂနွေနေ့ တွင် အရုဏ်ဆွမ်း-နေ့ဆွမ်း နှင့် စုပေါင်း ကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပါမည် ။
သို့ ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း
ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်
နေ့ ရက် - ( ၁၄ - ၁၁ -၂၀၁၀ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

အင်န်ချွန်းယူနိုက်တက် ဘော်လုံးအသင်း ညီအကိုများမှ ဘုရားအမှူးရှိသော
သံဃာတော်များအား အရုဏ်ဆွမ်း-နေ့ဆွမ်း နှင့် ကြွရောက်လာသော ဧည့်သည်
တော်များကို မြန်မာ ထမင်းဟင်းများ ဖြင့် ဧည့်ခံပါမည် ။

လှူဖွယ်ပစ္စည်းများ
ပရိက္ခရာရှစ်ပါး အစုံ ( ၀မ်- ၅၀၀၀၀)
တီစီဝရိတ်သင်္ကန်း ( ၀မ်- ၃၀၀၀၀)
သင်္ကန်းဒွိစုံ ( ၀မ်- ၂၀၀၀၀)
ထီး ၊ ယပ် ၊ ဖိနပ် ( ၀မ်- ၅၀၀၀ စီ)

Saturday, October 30, 2010

မြင့်မြတ်သော နိဗ္ဗာန်ဆော်

ဧရာဝတီစာကြည့်တိုက်မှ ကူးယူဖေါ်ပြပါသည်..။




ဗုဒ္ဓဘုရားရှင်လက်ထက်တွင် သာဝတ္တိမြို့၌ နိဗ္ဗာန်ဆော်တစ်ယောက်ရှိသည်. . . သူသည် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆက်ကပ်ရင် လှည့်လည်နှိုးဆော်လေ့ရှိသည်. . . မြို့သူမြို့သားများစွာတို့သည်လည်း . . ဆွမ်းချက်နိုင်ရန် ဆန်၊ဆီ၊ ဆား စသည်တို့ကို နိဗ္ဗာန်ဆော်သို့ ပေးလှူကြသည်. . .

သူဌေးတစ်ယောက်မူကား ထိုသို့မဟုတ် "နိဗ္ဗာန်ဆော်သည် မိမိဘာသာ တတ်နိုင်သလောက် မကပ်လှူဘဲ တစ်ပါးသူ ကို လိုက်၍ နှိုးဆော်နေရသလော" ဟုဆိုကာ နိဗ္ဗာန်ဆော်ကို မကျေမနပ်ဖြစ်နေသည်. . .

တစ်နေ့တွင် မိမိထံပါးသို့ နိဗ္ဗာန်ဆော် အလှူခံရောက်လာသောအခါ ဆန်ကို လက်သုံးချောင်းဖြင့်ကော်၍ လက်ပေါ်တွင် ပါသမျှကိုသာ လိုက်သည် . . . . အလားတူပင် ပဲနောက်၊ ပဲလွန်း၊ စသည်တို့ကိုလည်း လက်သုံးချောင်းဖြင့်သာ ကော်၍လှူလိုက်သည်. . .ထောပတ်၊ တင်လဲ စသည်တို့ကိုလည်း အလွန်နည်းပါးလှစွာသာ ပေးလှူသည်. . . ဤသို့ လက်တစ်ဖက်စာမျှသာ ပေးလှူသဖြင့် ထိုသူဌေးကို ဗိဠာလပါဒက သူဌေးဟု အများက ခေါ်ဝေါ်ကြလေသည်. .

နိဗ္ဗာန်ဆော်ကား မငြိုမငြင်၊ ၀မ်းမြောက်ဝမ်းသာ ကြည်ဖြူစွာပင် လက်ခံသည်. . . အခြား သူများ လှူသော ပစ္စည်းများကို တူရာတူရာ ပေါင်း၍ထည့်သည်. . . ဗိဠာလပါဒက သူဌေး၏ ပစ္စည်းများကိုကား သီးသန့်ထည့်၍ ထားသည်. . . ဤတွင် သူဌေးသည် နိဗ္ဗာန်ဆော်၏ အပြုအမူကို စုံစမ်းရန် အလုပ်သမား တစ်ယောက်ကို စေလွှတ်လိုက်သည်. . .

နိဗ္ဗာန်ဆော်သည်. . အလှူရှင်သူဌေား ကုသိုလ်ပွားစေရန် ချက်ပြုတ်လေသမျှသော ဆွမ်းအိုး ၊ ဟင်းအိုး စသည်တို့တွင် သူဌေး၏ ပစ္စည်းများကို တစ်စေ့စီ၊ တစ်စေ့စီ လျှောက် ထည့်ပေးလေသည်. . . . အလုပ်သမားသည် ထိုအကြောင်းကို မိမိ၏သူဌေးအားပြန်ပြောပြ၏ . . . သို့ရာတွင် သူဌေးကား မကျေနပ်နိုင်. . . "နိဗ္ဗာန်ဆော် သည် ပရိသတ်အလယ်၌ ငါ့ကို ရှုတ်ချစကားဆိုပါက သင်းကို သတ်မည် "ဟု ဆိုကာ နောက်တစ်နေ့တွင် ပုဆိုးခြုံထဲ၌ ဓားကို ၀ှက်၍ယူလာ၏. . .

နိဗ္ဗာန်ဆော်သည်လည်း မိမိနှိုးဆောင်၍ရလာသော ပစ္စည်းများကို အဖော်များနှင့် အတူ ချက်ပြုတ်စီမံသည်. . . ထို့နောက် ဘုရားအမှူးပြုသော သံဃာတော်တို့အား ဆွမ်းကပ်သည်. . . ထိုသို့ဆက်ကပ်ရာတွင် "အရှင်ဘုရား တပည့်တော်သည်. . လူအများကို နှိုးဆော်တိုက်တွန်း၍ ဤအလှူကို လှူပါသည်.. . လူအများသည် စွမ်းအားရှိသလောက် ထည့်ဝင်လှူဒါန်းကြပါသည်. . . နည်းများမဟူ လှူဒါန်းသူအားလုံး အကျိုးထူးရပါစေဘုရား . . . " ဟု လျှောက်၏ . .

ဤတွင်မှ ဗိဠာလ ပါဒက သူဌေးသည်. . နိဗ္ဗာန်ဆော်၏ စိတ်သဘောထားမြင့်မြတ်ပုံကို သဘောပေါက်ကာ မိမိအပြစ်ကို ၀န်ချတောင်းပန်လေသတည်း . . .



ဓမ္မပဒပုံပြင်များ

;;