Monday, June 28, 2010

Sunday, June 27, 2010

ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေ သူငယ်ချင်း မိသားစု အပေါင်းတို့ ကျွန်တော်/ကျွန်မတို့ KBJ ဆရာမများနှင့် တပည့်သူငယ်ချင်းများတို့သည် မိမိတို ရရှိထားသော ချွေးနည်းစာဖြင့်(၄-၇-၂၀၁၀)တနင်္ဂနွေနေ့ တွင်မြန်မာဗုဒ္ဓသာသနာပြုကျောင်း တိုက်ရှိ ဘုရားအမှူရှိသောသံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း နှင့် လှူဒါန်ဖွယ်ရာ အဖြာဖြာတို့ကိုဆက်ကပ်လှူဒါန်းခြင်း ကျောင်းတော်ကြီး ရေရှည်တည်တံ့အောင် ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း အန္တရာယ်ကင်းပရိတ်နှင့် အနုမောဒနာတရားတော်များနာကြားခြင်း ကြွရောက်လာသော မိတ်ဆွေ သူငယ်ချင်းတို့အား ကြက်သားပလာတာ နှင့် မြန်မာထမင်းဟင်း တို့ ဖြင့်ဧည့်ခံကျွေးမွေးခြင်း စသော ကုသိုလ်ကောင်းမှု အစုစုတိုကို ပြုလုပ်မည်ဖြစ်ပါသောကြောင့် ကောင်းမှု ရှင်ဖြစ်သော ကျွန်တော်/ကျွန်မ တို့ KBJ ဆရာမများနှင့် တပည့်သူငယ်ချင်းများ၏ အလှူတော်မင်္ဂလာကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသောကြောင့် ကုသိုလ်တော်အတူယူ တရားနာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


လေးစားစွာဖြင့်
KBJ ဆရာမများနှင့် တပည့်သူငယ်ချင်းများ


အလှူတော် အစီအစဉ်

နေ့ရက်~~~~~~( ၄-၇-၂၀၁၀ ) တနင်္ဂနွေနေ့
အချိန်~~~~~~( နံနက် ၆ နာရီ မှ နေ့လည် ၂ နာရီထိ )
နေရာ~~~~~~မြန်မာဗုဒ္ဓသာသနာပြုကျောင်း

Wednesday, June 23, 2010

၃၁ -ဘုံ လမ်းညွန်မြေပုံ

အရက်ကို ရေအမှတ်ဖြင့်သောက်ချင်သူများ

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .


"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . "

" အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ "တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . .

ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ "

ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . "

"ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . .

ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .

"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . "

"မြွေပွေး က ပေါက်မှာပါ ဘုရား "

"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား "

"တက်မှာပါ ဘုရား "

"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . "

"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . "

"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ."

"သေနိုင်ပါတယ် ဘုရား . . . "

"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . "

"မရနိုင်ကြောင်းပါ. . ဘုရား "

"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . "
"မကိုင်ဝံ့ပါဘူး ဘုရား . . . "

"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . "

"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . "

"အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . "

"မူးမှာပါ ဘုရား . . . . . "

"မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . "
ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

နေဘုန်းဝေ (ဗန်းမော်ဆရာတော်စွယ်စုံပုံပြင်များ)

Monday, June 21, 2010

ဆွမ်းကျွေးအလှူတော် ဖိတ်ကြားခြင်း




၂၅ . ၅ . ၂၀၁၀ (ရန်ကုန်မြို့ ) တွင် ဘ၀တပါးသို့ ကွယ်လွန်အနိစ္စရောက်ရှိသွားသော

အောင်ဆန်းလူငယ်ဘော်လုံးအသင်းသမားဟောင်း ကိုမောင်မောင်(ခ)ကိုသိန်းထိုက်

အသက် (၃၈)နှစ် အားရည်စူး၍ အောင်ဆန်းလူငယ်ဘော်လုံးအသင်းသားများနှင့်

ကိုမောင်၏သူငယ်ချင်းများ မှ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် တွင် ဘုရားအမှူးရှိသော

သံဃာတော် အ၇ှင် သူမြတ်တို့ အား ( အာရုံဆွမ်း ၊ နေ့ဆွမ်း ) အစရှိသည်တို့ ကို ဆက်ကပ်

လှူဒါန်း၍ ကြွရောက် လာသော သူငယ်ချင်း မိတ်သင်္ဂဟ အပေါင်း အားလည်း ထောပတ်ထမင်း

ဖြင့် ဧည့်ခံ ကြွေးမွေး ပြီး ပရိတ်တရားတော် များနာယူမည် ဖြစ်ပါသောကြောင့် ကျွန်တော်များ

အောင်ဆန်းလူငယ် ဘော်လုံးအသင်းသားများ နှင့်ကိုမောင်၏ သူငယ်ချင်းများ မှ နေ၍

ကိုရီးယားနိုင်ငံ ရောက် ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်း ကို ဖိတ်ကြားအပ်ပါသည် ခင်ဗျာ..။


နေ့ရက်............ ၂၇.၆.၂၀၁၀ (တနင်္ဂနွေနေ့)

နေရာ..............မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

အချိန်..........နံနက်(၈း၃၀...မှ နေ့ လည် ၃နာရီအထိ )
 

မြန်မာ့ စေတနာ..

ကျပ် ၇၀ နဲ့ ရောင်းတဲ့ ထမင်းဆိုင်


ရေးသားသူ- ဇွန်ပန်းပွင့်
ဇန်နဝါရီ ၁၇ ၊၂၀၁၀။
http://www.mhawwonnthar.co.cc/ ဘလောက်မှ တဆင့်ဖေါ်ပြပါသည်။

သူတို့ရဲ့ဆံပင်တွေက နီကြောင်ကြောင်ဖြစ်နေတယ်။ ဖုတ်သိုက်သိုက်ဆံပင်ရှည်အုပ်ကြီးတွေက သူတို့ရဲ့ မျက်နှာတွေကို အရွယ်နဲ့မလိုက်အောင် ရင့်ရော်စေပါတ်။ သူတို့တွေနားကပ်ရင် ကာဘော်လစ် ဆပ်ပြာနံ့လိုလို ပြင်းရှရှအနံ့ဟာ မခံနိုင်လွန်းအောင် နံစော်နေတယ်။
ဖာထေးရာတွေ ထင်သာမြင်သာလွန်းတဲ့ ညစ်ထူထူ ရှပ်အင်္ကျီဝတ်လူတွေ၊ ကာဘော်လစ်အနံ့တွေကြိုင်နေတဲ့ ယောက်ျားကြီးတွေဟာ ပင်ပန်းတဲ့ တစ်နေ့တာအလုပ် ပြီးချိန်မှာ လွယ်အိတ်စုတ်လေးတွေကို စလွယ်သိုင်းပြီး အဲဒီထမင်းဆိုင်နားမှာ အုံနေတတ်တယ်။
ဒေါ်လွင်လွင်မေက တစ်နေ့ကို အသားငါး၊ ဟင်းသီးဟင်းရွက် ဟင်းအမည်(အမယ်) ၁၅ မျိုးလောက်ကို အကူမပါ ကိုယ်တိုင်တစ်ဦးတည်း ချက်ပြုတ်ပြင်ဆင်ပြီး ညနေ အလုပ်ကြမ်းသမားတွေ အလုပ်သိမ်းချိန်မှာ ခင်းကျင်းရောင်း ချနေတဲ့ဆိုင် ဖြစ်ပါတယ်။

Friday, June 18, 2010

အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ

မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍

အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။


-ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀၀ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို

လှူပါက ကြီးမြတ်ကြောင်း။

-သောတာပန် ၁၀၀ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

-သကဒါဂါမ် ၁၀၀ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

-အနာဂါမ် ၁၀၀ ကို လှူသည်ထက် ရဟန္တာတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

-ရဟန္တာ ၁၀၀ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

-ပစ္စေကဗုဒ္ဓါ ၁၀၀ကို လှူသည်ထက် သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။

-ဘုရားတစ်ဆူကို လှူသည်ထက် ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။

-ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက် ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။

-ကျောင်းတစ်ဆောင် လှူသူထက် ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်

ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။

-ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက် ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။

-ငါးပါးသီလကို စောင့်ထိန်းသူထက် ပန်းတစ်ရှုပ် နမ်းခိုက်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။

-မေတ္တာပို့သ ပွားများသူထက် လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။


(ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်) သစ္စာတရားများစုဝေးရာမှ ကူးယူဖော်ပြပါသည်

Wednesday, June 16, 2010

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။

မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။

ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?

ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

Tuesday, June 15, 2010

ဗုဒ္ဓဘာသာ..

ဟိုသွားဒီသွားနဲ့  ဆောင်းပါးလေးတွေဖတ်ရင်း အခုခေတ် တချို့ လူငယ်တွေ ဘာသာရေး

အားနဲ နေတာ နဲ့  ပတ်သတ်ပြီး ရေးသားထားတဲ့  ဆောင်းပါးလေးတပုဒ် ကို ဖတ်မိတာနဲ့ 

အခုလိုမျှဝေပေးလိုက်မိတာပါ.။

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။

ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို

အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ

ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ

ငါးမျိုးကတော့......


Monday, June 14, 2010

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး



သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

ရဲဆောင်းစက်ရုံမိသားစုအလှူတော်မှတ်တမ်းဓါတ်ပုံများ.

ရဲဆောင်း စက်ရုံမိသားစု ရွှေညီအကိုမောင်နှမများ၏ အလှူတော်ကိုအောင်မြင်စွာ
ကျင်းပပြီးဆုံးကြောင်းနှင့် .အလှူတော် အမှတ်တရဓါတ်ပုံများကို တင်ပြအပ်ပါသည်..။
နတ်လူသာဓုခေါ်စေသော်ဝ်..။

Friday, June 11, 2010

အလှူတော်မင်္ဂလာဖိတ်ကြားခြင်း

အန်ဆန်းမြို့ ၊ ရဲဆောင်း စက်ရုံ မိသားစု မှ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံရောက် မြန်မာ မိတ်ဆွေ မိသားစု သူငယ်ချင်း အပေါင်းတိုခင်ဗျာ ကျွန်တော်

များ ( ရဲဆောင်း  ) စက်ရုံ မိသားစုမှမိမိရရှိထားသော ချွေးနည်းစာဖြင့် မြန်မာဗုဒ္ဓသာသနာ

ပြုကျောင်းတိုက် ၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်း

နေ့ဆွမ်း အစရှိသော လှူဒါန်းဖွယ်အဖြာဖြာတိုဖြင့် ဆက်ကပ်လှူဒါန်းခြင် ကြွရောက်လာသော

ဧည့်ပရိတ်သတ်တိုအား မုန့်ဟင်းခါး တို့ဖြင့် ဧည့်ခံကြွေးမွေးခြင်း အန္တရယ်ကင်းပရိတ်တရား

တော်များ နာကြားခြင်း စသော ကုသိုလ် ကောင်းမှု အစုစုတိုကိုပြုလုပ်မည်ဖြစ်ပါသောကြောင့်

ကောင်းမှုရှင် ဖြစ်သော ကျွန်တော်များ ( ရဲဆောင်း ) စက်ရုံ မိသားစုနဲအတူ

အောက်ပါအစီအစဉ်အတိုင်း တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်သည်။



အလှူတော်အစီအစဉ်

အလှူတော်နေ့ရက်~~~~~~~~(၁၃-၆-၂၀၁၀)တနင်္ဂနွေနေ့

အချိန်~~~~~~~~~ (နံနက် ၆-နာရီ မှ နေ့လည် ၂-နာရီထိ)

နေရာ~~~~~~~~မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)

Wednesday, June 9, 2010

New Myanmar's Passports နှင့် သိသင့်သည်များ

နိုင်ငံကူးလက်မှတ် သက်တမ်း တိုး ဆောင်ရွက်သူများ အနေဖြင့် စက်ဖြင့် ဖတ်ရှုနိုင်သည့်

ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ယူပြီးပါက မြန်မာနိုင်ငံကူး

လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ အပ်နှံရမည့် နိုင်ငံကူးလက်မှတ် အဟောင်းများတွင် ဗီဇာ

သက်တမ်းကျန်ရှိနေပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

Tuesday, June 8, 2010

ဗုဒ္ဓဝါဒပြဿနာများ - အရှင်အရိယဓမ္မ

အိန္ဒိယနိုင်ငံ ဘုံဘိုင်မြို့မှာ ပညာရှင်ပေါင်းများစွာရဲ့ အမေးတွေကို တည်တည်ငြိမ်ငြိမ်

ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့တဲ့ ဆရာတော် အရှင်အရိယဓမ္မရဲ့ ဗုဒ္ဓဝါဒပြဿနာများ

စာအုပ် ကို ဖတ်ရှုလိုသူ ဓမ္မမိတ်ဆွေ အပေါင်း လေ့ လာမှတ်သားနိုင်ရန် တင်ပြအပ်

ပါသည်.။    ( ဓမ္မဒါန အလှူရှင် - ကို HarryLwin )



 

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများကို

အင်တာနက်ထဲ သွားရင်းလာရင်း တွေ့ မိလို့  ဓမ္မမိတ်ဆွေ အပေါင်းနှင့် သူငယ်

ချင်းများ မှတ်သား နာယူရလေအောင် ကူးယူဖေါ်ပြမိပါသည်......

Monday, June 7, 2010

ရွှေမြန်မာ နှင့် သာသနာ

ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့်

တိုင်းတာနေကြပေသည်။ ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်-

ဟု ဆိုကာသားတစ် ၀ိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။

ဘာကြောင့် ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။

အဖြူရောင်လူငယ်များ၏ အလှူတော်မှတ်တမ်းဓါတ်ပုံများ

လူငယ်များကို ဦးစားပေးသော ဗုဒ္ဓ၀ါဒ

ဗုဒ္ဓ၀ါဒ ဟူသည် လူငယ်များကို ဦးစားပေးသောဝါဒ၊လူငယ်များကို နေရာပေးသော

ဝါဒပင် ဖြစ်ပေသည်။မြတ်စွာဘုရားသည် တရားဟောတော်မူရာ၌အရှင်သာရိပုတ္တရာနှင့်

အရှင်မောဂ္ဂလာန်တို့ကိုလက်ျာလက်ဝဲရံ၍ ရှေ့ဆုံးတန်းမှာ နေရာပေးတော်မူပါသည်။

ဒုတိယတန်း၌မူ အညာသိကောဏ္ဍည မထေရ်ကြီးက မြတ်စွာဘုရား၏ နောက်တည့်တည့်မှ

ထိုင်ရပြီး ထိုမထေရ်ကြီး၏ လက်ဝဲလက်ျာ၌ သံဃာတော်များ နေရာယူကြရပေသည်။

သက်တော်ရ မထေရ်ကြီးကို နောက်မှာထားပြီး အဂ္ဂသာဝက နှစ်ပါးကို ရှေ့ဆုံးတန်းမှာ

ဝန်းရံထားခြင်းသည် အရည်အချင်းရှိသော လူငယ်များအပေါ်ထားရှိသော ဗုဒ္ဓ၏

စိတ်နေသဘောထားကိုဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။ဤသာဓက ကို ကြည့်ရှူ့၍

ဗုဒ္ဓ၀ါဒ သည် လူငယ်များကို ဦးစားပေးသော ၀ါဒ ဖြစ်ကြောင်းသိသာထင်ရှား လှပေသည်။

Saturday, June 5, 2010

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်။
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

အလှူတော် မှတ်တမ်း ဓါတ်ပုံ များ

ကိုမင်းသိန်း နှင့် သူငယ်ချင်းများ ကိုဝင်းနိုင်ဦး နှင့် သူငယ်ချင်း များ ရဟန်းလုထွက် တို၏ အလှူတော် မှတ်တမ်း ဓါတ်ပုံများ

ဖြစ်ထွန်းပေါ်လာကျောင်းတော်မဟာ

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ သည် နေထိုင်ရာ ရောက်ရာအရပ် ဒေသ၌

ယုံကြည်ကိုးကွယ်ဆည်းကပ်မြဲရှိသည့်အတိုင်း ရတနာသုံးပါးကိုအမြဲမပြတ်

ကိုးကွယ်ဆည်းကပ်လေ့ရှိကြပါ၏ ။ ကိုရီးယားနိုင်ငံ၌ စီးပွားရှာရန် ရောက်ရှိ

နေထိုင်ကြသော မြန်မာနိုင်ငံသားများသည် မိမိယုံကြည်မှု ဓလေ့ ထုံးစံအ

တိုင်း ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်မှု တရားဓမ္မနာကြားမှု နှင့် ကု

သိုလ်ကောင်းမှုများပြုလုပ်၍ အမျှအတန်းပေးဝေမှု များပြုလုပ်ကာ မြန်မာ

ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖေါ်ထုတ်ပြသလိုကြ၏။

သို့ ပါသော်လည်း လွန်ခဲ့သော (၈) နှစ် ကျော်ကာလများတွင် ဘုရား

ကန်တော့ ခြင်း၊ တရားတိတ်ခွေများ နာကြားခြင်းမျှသာ ပြုလုပ်နိုင်ခဲ့ကြပြီး၊

ထေရ၀ါဒ မြန်မာရဟန်းတော်များကို အမြဲဖူးတွေ့ ကာ တရားနာခြင်း၊ အလှူ

ဒါနပြုလုပ်ခြင်းများကိုမူ ဆန္ဒရှိ သလို မပြုလုပ်နိုင်ခဲ့ ကြပေ ။

( ၂၀၀၃ ) ခုနှစ်တွင်ကား ထိုသို့ သော ဆန္ဒ အာသီသကို ဖြည့်ဆည်းပေးနိုင်

ရန် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား စေတနာရှင်များ၏ ၀ိုင်းဝန်းထောက်

ပံ့လှုဒါန်းမှု ဖြင့်မြန်မာဘုန်းတော်ကြီးကျောင်း တစ်ဆောင်ကို စတင်တည်ထောင်

ခဲ့ပါသည် ။

( ၂၀၀၇ ) ခုနှစ်တွင် ( မြန်မာဗုဒ္ဓသာသနာပြုကျောင်း ) အမည်ဖြင့် ပြန်လည်ဖွဲ့ 

စည်းတည်ထောင်နိုင်ခဲ့ ပါသည် ။ ယ္ခုအခါ ဤကျောင်းတော်တွင် ဘာသာရေး

အခမ်းနားများ ၊ မြန်မာ့ ယဉ်ကျေးမှု အခမ်းနားများကို စည်ကားသိုက်မြိုက်စွာ

ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ၌ စီးပွားရှာနေစဉ် အဆင်မပြေဖြစ်နေ

သော မြန်မာနိုင်ငံသားများ၏ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရရှိစေရန် ကူညီစောင့်

ရှောက်မှု များကိုလည်း ( အတတ်နိုင်ဆုံး ) ဆောင်ရွက်ပေးနေပါသည် ။

;;