Tuesday, October 4, 2011


(၂ ရက် ၁၀ လ ၂၀၁၁)တနင်္ဂနွေနေ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ကိုသိန်းမင်း၊ကိုမင်းမင်းနှင့်
သူငယ်ချင်းများစုပေါင်း၍ ဆွမ်းကျွေးအလှူတော်မင်္ဂလာကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလှူတော်မင်္ဂလာသို့ ကြွရောက်ချီးမြောက်တော်မူကြသော ဆရာတော်သံဃာတော် အရှင်မြတ်များနှင့်
ဧည့်ပရိသတ်တို့အား အရုဏ်မုန့်ဟင်းခါးနှင့် နေ့လည် မြန်မာထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပြီး
ကျောင်းတော်၏ ရေရှည်တည်တံ့၍ သာသနာရေး ဘာသာရေးများ လူမှုရေးများ စွမ်းစွမ်းတမံ
ချမ်းသာစွာဆောင်ရွက်နိုင်ရန် ငွေပဒေသာပင် ဝမ် (၅၇၀၀၀၀)ငါးသိန်းခုနှစ်သောင်း တို့ကိုလည်း
မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေခြင်းအကျိုးငှုါ စိုက်ထူလှူဒါန်းခဲ့ပါသည်။
ကုသိုလ်အစုစု၏အဖို့ဘာဂကို အားလုံးအမျှပေးဝေပါသည်။
နတ်လူသာဓုခေါ်စေသော်...

Saturday, October 1, 2011

saiyadaw

Thursday, August 4, 2011


ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကျောင်းထိုင်ဆရာတော် တင်မြောက်ပွဲနှင့် အီရှင်းမ်ဂျောင်ဂုံ၊ ဂင်ဖို နာဂျု ရွှေညီအကိုများ၏The summer holidays အလှူပွဲတော်ကို
(၃၁.၇.၂၀၁၁) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဘုရားအမှူးရှိသော
သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိသတ်တို့အား အလှူရှင်များက အရုဏ်မုန့်ဟင်းခါးနှင့်
နေ့ဆွမ်း ဒံပေါက်ထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင်
အဖွဲ့၏ ကျောင်းထိုင်ဆရာတော်တင်မြောက်ပူဇော်ပွဲ အခမ်းအနား၌ ဓမ္မဒူတ ကျောင်းဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒကနှင့် ဦးကိတ္တိသာရ ၊ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာကျောင်းအရှင်ဝိစိတ္တ၊
ဆိုးလ်မြို့ အရှင်သုဝဏ္ဏ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် လက်ထောက်ဆရာတော်
အရှင်ဥတ္တရတို့မှ ၀မ်းမြောက်စကား မိန့်ကြားတော်မူကြပြီး၊ကျောင်းထိုင်ဆရာတော် ပရဟိတ အရှင်သုမင်္ဂလ (ဝေါ ဆရာတော်)မှ ရေစက်ချ အနုမောဒနာတရားချီးမြင့်ခဲ့ပါသည်။အီရှင်းမ်
ဂျောင်ဂုံ၊ဂင်ဖို နာဂျု ရွှေညီအကိုများမှ ကျောင်းတော်ကြီးအတွက် ထာဝရငွေပဒေသာပင်
ဝမ်(၅၀၀၀၀၀) ငါးသိန်း၊ပင့်သံဃာဆရာတော်တို့အား ၀မ်(၁၀၀၀၀၀)တသိန်းစီနှင့်
ဓမ္မဒူတကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တရားဟော စက်ကြိယာများကို လှူဒါန်းပူဇော်ခဲ့ပါသည်။ အလှူပွဲတော်ကြီးသို့ ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအများအပြားကြွရောက် အားပေးခဲ့ကြပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးအနေဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ပိုမို၍ တိုးတက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်းနှင့် ကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အလှူရှင်များမှဝိုင်းဝန်းကူညီ
လှူဒါန်းထောက်ပံ့၍ ကုသိုလ်တရားပွားများနိုင်ပါကြောင်း အသိပေးနိုးဆော်အပ်ပါသည်။

                                                          ဆရာတော်နှင့်ကျောင်းအကျိုးတော်ဆောင်များ။

Saturday, July 23, 2011

ကျောင်းတက်ပွဲနှင့် ဆွမ်းအလှူပွဲ ဖိတ်ကြားလွှာ


မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)သည် ကိုရီးယားရောက် မြန်မာများ၏ အခက်အခဲများကို ကျောင်းကန်အရိပ် ဓမ္မအရိပ်ဖြင့် စွမ်းနိုင်သမျှ ဖေးမကူညီပေးနေသည့် ကျောင်းတော်ကြီး ဖြစ်သည့်အလျောက် ယခုအခါ ရွှေမြန်မာများ၏ စွမ်းအားကို သံဃာတော်များ၏ မေတ္တာအား၊ ဓမ္မအားဖြင့် ပိုမို၍ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျှက် ကျောင်းအကျိုးဆောင်အဖွဲ့၏  စီစဉ်ပင့်လျှောက်မှုဖြင့် ကြွရောက်တော်မူလာသည့် မြန်မာနိုင်ငံ နယ်လှည့်ဓမ္မကထိက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလ (သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism)အား သာသနာပြုကျောင်းတော်၏ ပဓာန နာယက ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်အပ်နှင်းသည့် ကျောင်းတက်ပွဲအခမ်းအနား နှင့် ကျောင်းတက်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာမည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းအား အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံပေးမည့် အီလ်ရှင်းမ်ဂျောင်းဂုံ (일심정공+기포 나주)ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ၏ ဆွမ်းကပ်လှူဒါန်းပွဲကို အတူတကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ဆရာတော်၏ ဒကာဒကာမများ၊ အလှူရှင်များ၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာအပေါင်းတို့အား အောက်ပါအစီအစဉ်တိုင်း ကြွရောက်ကြပါရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် ဂင်ဖိုနာဂျုရွှေညီအစ်ကိုများမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက် = ၃၁-၇-၂၀၁၁၊ ဝါခေါင်လဆန်း ၁-ရက်၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေလယ် ၃နာရီအထိ
အရုဏ်- မုန့်ဟင်းခါးနှင့် နေ့လည်- ဒံပေါက်ဆွမ်းထမင်းဟင်းတို့ဖြင့် ဧည့်ခံပါမည်။
ကျောင်းတက်ပွဲနှင့် တရားနာချိန် = နေ့လယ် ၁နာရီမှ ၃နာရီအထိ
နေရာ = မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

ကျောင်းအကျိုးဆောင်အဖွဲ့နှင့်
အီလ်ရှင်းမ်ဂျောင်းဂုံ ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ



Monday, July 18, 2011

(၁၇ .၇.၂၀၁၁ ) ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌
ကိုရီးယားရောက် (ချွန်နန်း)လူငယ်များအဖွဲ့က ဘုရားအမှူးရှိသောသံဃာတော်များနှင့်
ကိုရီးယားရောက် မြန်မာအမျိုးအနွယ် မိတ်ဆွေအပေါင်းအား ဖိတ်ကြား၍ ဘုရားဖူး
တရားနာ ကုသိုလ်ပွားများနိုင်ရန်၊မိမိရောက်ရှိရာ နိုင်ငံ၌ အမျိုးဘာသာ သာသနာကို
ထိန်းသိမ်းစောင့်ရှောက် ကူညီကြရန်၊ အားလပ်ရက်၌တွေ့ဆုံနှတ်ဆက်မေတ္တာဖက်၍
ကျောင်းတော်ကြီး တည်တံ့ရန်အတွက် ချွန်နန်းလူငယ်အဖွဲ့က ပဒေသာပင် ၅၀၀၀၀၀(ငါးသိန်း)
စိုက်ထူလှူဒါန်း၍ မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပြီးဝေါဆရာတော်နှင့်
ဆရာတော်အရှင်ဥတ္တရတို့အား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကာရေစက်ချ တရားနာကြား၍
အမျှပေးဝေခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်။ ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု။



Sunday, July 17, 2011

ကိုရီးယားရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား   ကျနော်များ ကိုရီးယားရောက် 천안(ချွန်နန်း)အဖွဲ့ ရွှေညီအကိုများသည် ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ၀ီရိယစွမ်းအားတို့ဖြင့် ရရှိထားသော ငွေကြေးတို့ဖြင့် မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးများကို အထူးအောက့်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော ချွေးနည်းစာထဲမှ ထုတ်နှတ်၍ (17.7.2011)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ မြတ်စွာဘုရား အမှူရှိသော သံဃာတော်အရှင်မြတ် တို့အား မွန်မြတ်သော အာဟာရဒါနနှင့် သင်္ကန်းအစရှိသောလှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းဆက်ကပ်ပြီးလျှင် ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း နံနက်စာ အာဟာရဒန ကုသိုလ်အဖြစ် မုန်ဖတ်သုတ်နှင့် နေ့လည်စာ အာဟာရဒါနကုသိုလ်အဖြစ် မွန်မြတ် သော မြန်မာထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွးမွေးလှူဒါန်းမည်ဖြစ်ပါသည်။  ထို့အပြင် ပြုခဲ့သမျှသော ဒါန သီလ ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို၏အဖို့ဘာဂကိုလည်း ပတ္တိဒါန ပတ္တာနုမောဒနာ ကုသိုလ်အဖြစ်  ရေစက်သွန်းချအမျှတမ်းပေးဝေမည်ဖြစ်ပါ၍ ကျနော်များ 천안(ချွန်နန်း)အဖွဲ့ ရွှေမြန်မာ ညီအကိုများနဲ့အတူ ပရိတ်တရားတော်နာကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။

Monday, July 11, 2011

ပျိုးနှုတ်သမားနှင့်တူသော.....

ဧရာဝတီစာကြည့်တိုက် မှကူးယူဖေါ်ပြပါသည်။


မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့် ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်. .

တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .
"တပည့်တော်မှာ မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင် တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .

"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. . . . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က မိန့်ပါသည်. .

"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."

ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .
"တို့များခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော် ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့ ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .
ထို့ကြောင့်ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင် ၀င်ရောက်နားလေသည်....။ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."
ထိုသူရေရွတ်လိုက်သော အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်....။ပျိုးနုတ်မည့်သူသည်....။ ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .

"ဒီပျိုးခင်းလေးလောက်များ နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. . ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .။

ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်...။ပန်းသည်လည်း စောင့်ဆဲ..."နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .။

ပန်းသည်ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . . ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ ပြန်ခဲ့ရတော့သည်. . .

"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. . ၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. . . အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."

ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . . မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .

(ဗန်းမော်ဆရာတော် ပုံပြင်များ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Saturday, July 2, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်ဖိတ်ကြားလွှာ



မြန်မာဗုဒ္ဓသာသနာပြုကျောင်း  စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာတော်
အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာဝါဆိုလဆန်း ၁၀ -ရက် (၁၀ .၇. ၂၀၁၁) တနင်္ဂနွေနေ့ တွင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း
ဝါဆိုသင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ
အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်

နေ့ ရက် - ( ၁၀ .၇. ၂၀၁၁ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - အရုဏ်ဆွမ်း မုန့်ဟင်းခါး နေ့ဆွမ်းဒန်ပေါက် များဖြင့်
ကိုခင်လှိုင်နှင့်သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းပါမည်။

Wednesday, June 8, 2011


Monday, June 6, 2011

Friday, June 3, 2011

ဒုလ္လဘရဟန်းဝတ်လျှင် သတိထားဆင်ခြင်နိုင်ရန်

မန်းရေနံမြေသားလေး blog မှ ကူးယူဖေါ်ပြပါသည်။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

မိဘကျေးဇူးကြီးမားပုံ....


“ အနှစ်တစ်ရာပတ်လုံးသက်တမ်းမှာ အနှစ်တစ်ရာ သက်တမ်းကာလပတ်လုံး ညာဘက်ပုခုံးပေါ် အဖကိုတင် ၊ ဘယ်ဘက်ပုခုံးပေါ် အမိကိုတင်ပြီး အစစ အရာရာ လိုလေသေးမရှိအောင် လုပ်ကျွေးသော်လည်း မိဘကျေးဇူးမကျေနိုင် ”


မိဘကျေးဇူးကျေအောင်ဆပ်နည်း



၁ ။ သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်
၂ ။ သီလမရှိတဲ့ မိဘကို သီလနှင့်ပြည့်စုံအောင်
၃ ။ မပေးရက် ၊ မလှူရက်နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့် ပြည့်စုံအောင်
၎ ။ ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ် ။ လေးလေးနက်နက်သက်ဝင်ယုံကြည်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင်မိဘကျေးဇူး ကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသားဖြစ်ပါတယ် ။

မာတုပေါသထသုတ္တာန်


အမေတရားတော်များ




အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

အမည် - ကိုရီးယားရောက် သူငယ်ချင်းများ

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤ ၅ မျိုး၊ အဖိုးထိုက်လှစွာ…ဟူသော တရားတော်နှင့်အညီ ဒါနမှု၌ အထုံအလေ့ ရှိသော
ကျွန်တော်များ ကိုရီးယားနိုင်ငံရောက် သူငယ်ချင်းတစ်စုတို့သည် ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား၊ ၀ီရိယစွမ်းအားတို့မှ ရရှိလာသော ငွေကြေးများဖြင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော မိမိတို့၏ ချွေးနည်းစာထဲမှ ထုတ်နှုတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့စေရန် ရည်စိတ်သန်လျှက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်နှင့် ဓမ္မဒူတကျောင်းတော်တို့၌ သီတင်းသုံးတော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်း ၄ ပါးတို့ဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေခြင်းအကျိုးငှာ ထာဝရ ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဒန်ပေါက်ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

ထို့ပြင် ပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသောကြောင့် ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာ သူငယ်ချင်းများနှင့်အတူ တရားတော်နာ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Monday, May 30, 2011

ကိုရီးယားရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား

(5 .6 .2011)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
မြတ်စွာဘုရားအမှူးထား၍ သံဃာတော်အရှင်မြတ်တို့အား
အာရုံဆွမ်းအာဟာရနှင် လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်းဆက်ကပ်ပြီးလျှင်၊
နံနက်။ ။(၉း၀၀)နာရီမှ (၁၀း၀၀) ချိန်ဆရာတော်ဦးဥတ္တရမှ ကြွရောက်
ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကြွေးပြီးလျှင်
နံနက်ပိုင်းတွင် မုန်ဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးပြီး
နေ့လည်။ ။(၁၀း၀၀)နာရီမှ (၁း၀၀) ချိန်ထိကို ကြွရောက်လာသော
မိသင်္ဂဟအပေါင်းတို့အား ဒံပေါက်ထမင်းတို့ ဖြင့်ဧည့်ခံကြွေးမွေးမည် ဖြစ်ပါသဖြင့်
ကိုရီးယားရောက် ရွှေမြန်မာညီအကိုများ တရားတော်နာ ဆွမ်းအလှူသို့
မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ် ပါသည်။
နေရာ။ ။မြန်မာဗုဒ္ဓသာသာနာပြုကျောင်းတော်(부평)

Friday, May 20, 2011

ဆေးကုသမှုအစီအစဉ်..

ကိုရီးယားနိုင်ငံ ရှိ ဗုဒ္ဓ ပရဟိတ ဆေးဆရာဝန်းများ အသင်းမှာ မြန်မာဗုဒ္ဓသာသနာ
ပြုကျောင်းတော်၌ လာမည့် ( ၂၂ - ၅ -၂၀၁၁) ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီမှ
ညနေ ၄ နာရီထိ ကိုရီးယားနိုင်ငံရှိ မြန်မာ လူမျိုးများအတွက် အထွေထွေ ရောဂါနှင့်
အပ်စိုက်၊ သွားခြစ်၊ မာဆက် အစရှိသည် တို့ ကို ကုသပေးမည် ဖြစ်ပါသော ကြောင့်
ဆေးကုသမည့် ပုဂ္ဂိုလ်များ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Thursday, April 21, 2011

Monday, April 11, 2011

Tuesday, January 25, 2011

ကိုရီးယား နှစ်သစ်ကူး (설날) ဆောလပိတ်ရက်၌ မြန်မာ
ဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)တွင် အောက်ဖော်ပြပါ
အလှူရှင်များက အလှူဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာမိတ်ဆွေ
အပေါင်းအား ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


(၂.၂.၂၀၁၁)ဗုဒ္ဓဟူးနေ့၊မြင်းခြံ ရွှေညီအစ်ကိုများ အရုဏ်ဆွမ်း---နန်းကြီးသုတ်
နေ့ဆွမ်း---မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံ ကျွေးမွေးပါမည်။
(၃.၂.၂၀၁၁)ကြာသာပတေးနေ့၊ကိုသန်းထိုက်ဦး (편텍) ဖြောင်းထက် ညီအစ်ကိုများ
အရုဏ်ဆွမ်း---ခေါက်ဆွဲကြော်
နေ့ဆွမ်း--- --- မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ကျွေးမွေးဧည့်ခံ ပါမည်။
(၄.၂.၂၀၁၁)သောကြာနေ့၊ကိုစိုင်းအေးချို ၊ကိုကျော်စွာဝင်း ၊ကိုရဲဇာ ၊ကိုဇော် ၊ကိုဝင်းထွန်း
ကိုမျိုးခိုင် ၊ကိုသန်းထိုက်နှင့် သူငယ်ချင်းတစုတို့က
အရုဏ်ဆွမ်း---မုန့်ဟင်းခါး
နေ့ဆွမ်း--- ----မြန်မာ ထမင်း၊ဟင်း များဖြင့် ဧည့်ခံ ကျွေးမွေး ပါမည်။
(၅.၂.၂၀၁၁)စနေနေ့၊ကိုသန်းထွေး၊ကိုအောင်ကျော်သူငြိမ်းနှင့် သူငယ်ချင်းများမှ
အရုဏ်ဆွမ်း---ကြာဇံကြော်
နေ့ဆွမ်း--- ---မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံ ကျွေးမွေး ပါမည်။
 

(၆.၂.၂၀၁၁)တနင်္ဂနွေနေ့၊ တွင်ကျရောက်သော မလှလှငြိမ်း၏မွေးနေ့ ကုသိုလ်အဖြစ်
အရုဏ်ဆွမ်း---ခေါက်ဆွဲကြော်
နေ့ဆွမ်း--- ----မြန်မာ ထမင်း၊ဟင်း များဖြင့် ဧည့်ခံကျွေးမွေး မည်ဖြစ်ပါသဖြင့်


ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲကျင်းပမည့်အချိန်။       ။ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ။         ။မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )

                       ၂၀၁၁ ခုနှစ် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲဖိတ်ကြားလွှာ
ကိုရီးယား သမ္မတနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားပြန်ပွားရေးအတွက်လည်းကောင်း၊ ကိုရီးယားရှိ မြန်မာ အလုပ်သမားများ၏ ဘာသာရေး၊ လူမှုရေး ကိစ္စအ၀၀တို့ကို ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ကျောင်းအဆောက်အဦး ရေရှည်တည်တံ့နိုင်ရေးအတွက်လည်းကောင်း
ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကိုရီးယားနှစ်ကူးကာလတွင် ထာဝရအလှူငွေပဒေသာပင် ပေးအပ်လှူဒါန်းပွဲ ကျင်းပမည်ဖြစ်ပါ၍ ကိုရီးယားရှိ မြန်မာဒကာ ဒကာမအပေါင်းတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊
ငွေပဒေသာပင်တစ်ပင်လျင် ၀မ် (၁၀၀၀၀၀) နှုန်းဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စိုက်ထူလှူဒါန်းနိုင်ပါသည်၊ ကြွရောက်လာကြမည့် ဧည့်သည်တော်များကို အလှူရှင် ကိုသိန်းထိုက်ဦးနှင့် (편 텍) ဖြောင်းထက်ညီအစ်ကိုများမှ နံနက်စာ၊ နေ့လည်စာတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။


ကျင်းပမည့်နေရာ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

ကျင်းပမည့်နေ့ရက်။ ။ ၀၃- ၀၂- ၂၀၁၁၊


အခမ်းအနားကျင်းပမည့်အချိန်။ ။ နေ့လည်၂း၀၀ မှ ၃း၀၀ ထိ

မှတ်ချက်။ ။ ယခင်က အလှူငွေ လှူဒါန်းထားပြီးသော အလှူရှင်များကိုလည်း ၄င်းနေ့တွင် ဂုဏ်ပြုလက်မှတ်လွှာများ ပေးအပ်မည်ဖြစ်ပါသည်။

ကျောင်းအကျိုးတော်ဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)
ဘူဖြောင်း၊ အင်ချွန်းမြို့။

Wednesday, January 19, 2011

ကိုရီးယား နှစ်သစ်ကူး အလှူပွဲများ ဖိတ်ကြားလွှာ

ကိုရီးယား နှစ်သစ်ကူး (설날) ဆောလပိတ်ရက်၌ မြန်မာ
ဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)တွင် အောက်ဖော်ပြပါ
အလှူရှင်များက အလှူဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာမိတ်ဆွေ
အပေါင်းအား ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


(၂.၂.၂၀၁၁)ဗုဒ္ဓဟူးနေ့၊မြင်းခြံ ရွှေညီအစ်ကိုများ အရုဏ်ဆွမ်း---နန်းကြီးသုတ်
နေ့ဆွမ်း---မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံ ကျွေးမွေးပါမည်။
(၃.၂.၂၀၁၁)ကြာသာပတေးနေ့၊ကိုသန်းထိုက်ဦး (편텍) ဖြောင်းထက် ညီအစ်ကိုများ
အရုဏ်ဆွမ်း---ခေါက်ဆွဲကြော်
နေ့ဆွမ်း--- --- မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ကျွေးမွေးဧည့်ခံ ပါမည်။
(၄.၂.၂၀၁၁)သောကြာနေ့၊ကိုစိုင်းအေးချို ၊ကိုကျော်စွာဝင်း ၊ကိုရဲဇာ ၊ကိုဇော် ၊ကိုဝင်းထွန်း
ကိုမျိုးခိုင် ၊ကိုသန်းထိုက်နှင့် သူငယ်ချင်းတစုတို့က
အရုဏ်ဆွမ်း---မုန့်ဟင်းခါး
နေ့ဆွမ်း--- ----မြန်မာ ထမင်း၊ဟင်း များဖြင့် ဧည့်ခံ ကျွေးမွေး ပါမည်။
(၆.၂.၂၀၁၁)တနင်္ဂနွေနေ့၊ကိုမင်းမင်း မှ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း တို့ဖြင့် ဧည့်ခံကျွေးမွေး မည် ဖြစ်ပါသဖြင့်


ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁

;;