Saturday, July 2, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်ဖိတ်ကြားလွှာ



မြန်မာဗုဒ္ဓသာသနာပြုကျောင်း  စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာတော်
အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာဝါဆိုလဆန်း ၁၀ -ရက် (၁၀ .၇. ၂၀၁၁) တနင်္ဂနွေနေ့ တွင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း
ဝါဆိုသင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ
အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်

နေ့ ရက် - ( ၁၀ .၇. ၂၀၁၁ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - အရုဏ်ဆွမ်း မုန့်ဟင်းခါး နေ့ဆွမ်းဒန်ပေါက် များဖြင့်
ကိုခင်လှိုင်နှင့်သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းပါမည်။

0 Comments:

Post a Comment