Sunday, July 17, 2011

ကိုရီးယားရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား   ကျနော်များ ကိုရီးယားရောက် 천안(ချွန်နန်း)အဖွဲ့ ရွှေညီအကိုများသည် ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ၀ီရိယစွမ်းအားတို့ဖြင့် ရရှိထားသော ငွေကြေးတို့ဖြင့် မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးများကို အထူးအောက့်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော ချွေးနည်းစာထဲမှ ထုတ်နှတ်၍ (17.7.2011)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ မြတ်စွာဘုရား အမှူရှိသော သံဃာတော်အရှင်မြတ် တို့အား မွန်မြတ်သော အာဟာရဒါနနှင့် သင်္ကန်းအစရှိသောလှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းဆက်ကပ်ပြီးလျှင် ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း နံနက်စာ အာဟာရဒန ကုသိုလ်အဖြစ် မုန်ဖတ်သုတ်နှင့် နေ့လည်စာ အာဟာရဒါနကုသိုလ်အဖြစ် မွန်မြတ် သော မြန်မာထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွးမွေးလှူဒါန်းမည်ဖြစ်ပါသည်။  ထို့အပြင် ပြုခဲ့သမျှသော ဒါန သီလ ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို၏အဖို့ဘာဂကိုလည်း ပတ္တိဒါန ပတ္တာနုမောဒနာ ကုသိုလ်အဖြစ်  ရေစက်သွန်းချအမျှတမ်းပေးဝေမည်ဖြစ်ပါ၍ ကျနော်များ 천안(ချွန်နန်း)အဖွဲ့ ရွှေမြန်မာ ညီအကိုများနဲ့အတူ ပရိတ်တရားတော်နာကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။

0 Comments:

Post a Comment