Wednesday, July 28, 2010

ဆရာတော်ဦးဇောတိက၏သြ၀ါဒစကားများ

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

Tuesday, July 27, 2010

အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံ ရောက် ရွှေညီအစ်အကို အပေါင်းတို့ ခင်ဗျာ ကျွန်တော်များ
ကိုသိန်းထိုက်ဦး နှင့် သူငယ်ချင်းများ မှ လာမည့် (၁-၈-၂၀၁၀) ရက် တနင်္ဂနွေနေ့တွင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့ အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်
လှူဒါန်းခြင်း ဝါဆိုသင်္ကန်း စသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ ကို ဆက်ကပ်လှူဒါန်းခြင်း
ထာဝရ ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း ကြွရောက်လာသောဧည့်ပရိတ်သက်တို့
အား ကြက်ဆီ ထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း စသော ကုသိုလ် ကောင်းမှုတို့ကို
ပြုလုပ်မည် ဖြစ်ပါသောကြောင့် ကောင်းမှု ရှင်ဖြစ်သော ကျွန်တော်များ ကိုသိန်းထိုက်ဦး
နှင့် သူငယ်ချင်း များ၏ အလှူတော်မင်္ဂလာပွဲသို့ အောက်ပါ အစီအစဉ် အတိုင်းကြွရောက်
ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်သည်။

ကိုသိန်းထိုက်ဦး နှင့် သူငယ်ချင်းများ



အလှူတော်အစီအစဉ်

နေ့ ရက်~~~~~~~(၁-၈-၂၀၁၀)ရက် တနင်္ဂနွေနေ့
အချိန်~~~~~~~~~နံနက် (၆ နာရီ မှ နေ့လည် ၂ နာရီထိ)
ဧည့်ခံကျွေးမွေး~~~~~~~~~ကြက်ဆီထမင်း
နေရာ~~~~~~~~မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

ဝါဆိုသင်္ကန်းကပ်လှူပွဲ မှတ်တမ်းဓါတ်ပုံများ

မြန်မာ ဒုတိယ ဝါဆိုလဆန်း ၇ -ရက် (၁၈-၇-၂၀၁၀) တနင်္ဂနွေနေ့ တွင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌သော ၀ါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းနားကို
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကိုမောင်နှမများ စုပေါင်းကာ အောင်မြင်
စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် ပြီးစီးခဲ့ ပါသည်။ ထိုပွဲတွင် စေတနာရှင် ညီ
အကိုမောင်နှမများမှ လှူဒါန်းငွေစုစုပေါင်း ကိုရီးယားငွေ( ၄၃၆၁၀၀၀ ) ၀မ်
ရရှိခဲ့ပါကြောင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် ကြေညာအပ်ပါသည်။


Sunday, July 11, 2010

ဝါဆိုသင်္ကန်းကပ် အလှုတော်ဖိတ်ကြားခြင်း

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာ
တော် အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာ ဒုတိယ ဝါဆိုလဆန်း ၇ -ရက် (၁၈-၇-၂၀၁၀) တနင်္ဂနွေနေ့ တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း ဝါဆို
သင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း
ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်
နေ့ ရက် - ( ၁၈-၇-၂၀၁၀ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - မြန်မာထမင်းဟင်း
ကိုရီးယားရောက် ရွှေမြန်မာများ စုပေါင်းလှူဒါန်းသည်။


လှူဖွယ်ပစ္စည်းများ
ပရိက္ခရာရှစ်ပါး အစုံ ( ၀မ်- ၅၀၀၀၀)
တီစီဝရိတ်သင်္ကန်း ( ၀မ်- ၃၀၀၀၀)
သင်္ကန်းဒွိစုံ ( ၀မ်- ၂၀၀၀၀)
ထီး ၊ ယပ် ၊ ဖိနပ် ( ၀မ်- ၅၀၀၀ စီ)


Thursday, July 8, 2010

ဆေးကုသမှုအစီအစဉ်

ကိုရီးယားနိုင်ငံ ရှိ ဗုဒ္ဓ ပရဟိတ ဆေးဆရာဝန်းများအသင်းမှာ မြန်မာဗုဒ္ဓသာသနာ
ပြုကျောင်းတော်၌ လာမည် (၁၁-၇-၂၀၁၀ ) ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီမှာ
 ညနေ ၄ နာရီထိ ကိုရီးယားနိုင်ငံ ရှိ မြန်မာ လူမျိုးများအတွက် အထွေထွေ ရောဂါနှင့်
အပ်စိုက်၊ သွားခြစ်၊ မာဆက် အစရှိသည် တိုကို ကုသပေးမည် ဖြစ်ပါသော ကြောင်
ဆေးကုသမည် ပုဂ္ဂိုလ်များ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


;;