Sunday, July 11, 2010

ဝါဆိုသင်္ကန်းကပ် အလှုတော်ဖိတ်ကြားခြင်း

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာ
တော် အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာ ဒုတိယ ဝါဆိုလဆန်း ၇ -ရက် (၁၈-၇-၂၀၁၀) တနင်္ဂနွေနေ့ တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း ဝါဆို
သင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း
ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်
နေ့ ရက် - ( ၁၈-၇-၂၀၁၀ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - မြန်မာထမင်းဟင်း
ကိုရီးယားရောက် ရွှေမြန်မာများ စုပေါင်းလှူဒါန်းသည်။


လှူဖွယ်ပစ္စည်းများ
ပရိက္ခရာရှစ်ပါး အစုံ ( ၀မ်- ၅၀၀၀၀)
တီစီဝရိတ်သင်္ကန်း ( ၀မ်- ၃၀၀၀၀)
သင်္ကန်းဒွိစုံ ( ၀မ်- ၂၀၀၀၀)
ထီး ၊ ယပ် ၊ ဖိနပ် ( ၀မ်- ၅၀၀၀ စီ)


0 Comments:

Post a Comment