Saturday, July 23, 2011

ကျောင်းတက်ပွဲနှင့် ဆွမ်းအလှူပွဲ ဖိတ်ကြားလွှာ


မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)သည် ကိုရီးယားရောက် မြန်မာများ၏ အခက်အခဲများကို ကျောင်းကန်အရိပ် ဓမ္မအရိပ်ဖြင့် စွမ်းနိုင်သမျှ ဖေးမကူညီပေးနေသည့် ကျောင်းတော်ကြီး ဖြစ်သည့်အလျောက် ယခုအခါ ရွှေမြန်မာများ၏ စွမ်းအားကို သံဃာတော်များ၏ မေတ္တာအား၊ ဓမ္မအားဖြင့် ပိုမို၍ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျှက် ကျောင်းအကျိုးဆောင်အဖွဲ့၏  စီစဉ်ပင့်လျှောက်မှုဖြင့် ကြွရောက်တော်မူလာသည့် မြန်မာနိုင်ငံ နယ်လှည့်ဓမ္မကထိက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလ (သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism)အား သာသနာပြုကျောင်းတော်၏ ပဓာန နာယက ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်အပ်နှင်းသည့် ကျောင်းတက်ပွဲအခမ်းအနား နှင့် ကျောင်းတက်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာမည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းအား အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံပေးမည့် အီလ်ရှင်းမ်ဂျောင်းဂုံ (일심정공+기포 나주)ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ၏ ဆွမ်းကပ်လှူဒါန်းပွဲကို အတူတကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ဆရာတော်၏ ဒကာဒကာမများ၊ အလှူရှင်များ၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာအပေါင်းတို့အား အောက်ပါအစီအစဉ်တိုင်း ကြွရောက်ကြပါရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် ဂင်ဖိုနာဂျုရွှေညီအစ်ကိုများမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက် = ၃၁-၇-၂၀၁၁၊ ဝါခေါင်လဆန်း ၁-ရက်၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေလယ် ၃နာရီအထိ
အရုဏ်- မုန့်ဟင်းခါးနှင့် နေ့လည်- ဒံပေါက်ဆွမ်းထမင်းဟင်းတို့ဖြင့် ဧည့်ခံပါမည်။
ကျောင်းတက်ပွဲနှင့် တရားနာချိန် = နေ့လယ် ၁နာရီမှ ၃နာရီအထိ
နေရာ = မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

ကျောင်းအကျိုးဆောင်အဖွဲ့နှင့်
အီလ်ရှင်းမ်ဂျောင်းဂုံ ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ



Monday, July 18, 2011

(၁၇ .၇.၂၀၁၁ ) ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌
ကိုရီးယားရောက် (ချွန်နန်း)လူငယ်များအဖွဲ့က ဘုရားအမှူးရှိသောသံဃာတော်များနှင့်
ကိုရီးယားရောက် မြန်မာအမျိုးအနွယ် မိတ်ဆွေအပေါင်းအား ဖိတ်ကြား၍ ဘုရားဖူး
တရားနာ ကုသိုလ်ပွားများနိုင်ရန်၊မိမိရောက်ရှိရာ နိုင်ငံ၌ အမျိုးဘာသာ သာသနာကို
ထိန်းသိမ်းစောင့်ရှောက် ကူညီကြရန်၊ အားလပ်ရက်၌တွေ့ဆုံနှတ်ဆက်မေတ္တာဖက်၍
ကျောင်းတော်ကြီး တည်တံ့ရန်အတွက် ချွန်နန်းလူငယ်အဖွဲ့က ပဒေသာပင် ၅၀၀၀၀၀(ငါးသိန်း)
စိုက်ထူလှူဒါန်း၍ မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပြီးဝေါဆရာတော်နှင့်
ဆရာတော်အရှင်ဥတ္တရတို့အား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကာရေစက်ချ တရားနာကြား၍
အမျှပေးဝေခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်။ ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု။



Sunday, July 17, 2011

ကိုရီးယားရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား   ကျနော်များ ကိုရီးယားရောက် 천안(ချွန်နန်း)အဖွဲ့ ရွှေညီအကိုများသည် ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ၀ီရိယစွမ်းအားတို့ဖြင့် ရရှိထားသော ငွေကြေးတို့ဖြင့် မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးများကို အထူးအောက့်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော ချွေးနည်းစာထဲမှ ထုတ်နှတ်၍ (17.7.2011)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ မြတ်စွာဘုရား အမှူရှိသော သံဃာတော်အရှင်မြတ် တို့အား မွန်မြတ်သော အာဟာရဒါနနှင့် သင်္ကန်းအစရှိသောလှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းဆက်ကပ်ပြီးလျှင် ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း နံနက်စာ အာဟာရဒန ကုသိုလ်အဖြစ် မုန်ဖတ်သုတ်နှင့် နေ့လည်စာ အာဟာရဒါနကုသိုလ်အဖြစ် မွန်မြတ် သော မြန်မာထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွးမွေးလှူဒါန်းမည်ဖြစ်ပါသည်။  ထို့အပြင် ပြုခဲ့သမျှသော ဒါန သီလ ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို၏အဖို့ဘာဂကိုလည်း ပတ္တိဒါန ပတ္တာနုမောဒနာ ကုသိုလ်အဖြစ်  ရေစက်သွန်းချအမျှတမ်းပေးဝေမည်ဖြစ်ပါ၍ ကျနော်များ 천안(ချွန်နန်း)အဖွဲ့ ရွှေမြန်မာ ညီအကိုများနဲ့အတူ ပရိတ်တရားတော်နာကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။

Monday, July 11, 2011

ပျိုးနှုတ်သမားနှင့်တူသော.....

ဧရာဝတီစာကြည့်တိုက် မှကူးယူဖေါ်ပြပါသည်။


မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့် ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်. .

တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .
"တပည့်တော်မှာ မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင် တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .

"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. . . . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က မိန့်ပါသည်. .

"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."

ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .
"တို့များခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော် ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့ ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .
ထို့ကြောင့်ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင် ၀င်ရောက်နားလေသည်....။ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."
ထိုသူရေရွတ်လိုက်သော အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်....။ပျိုးနုတ်မည့်သူသည်....။ ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .

"ဒီပျိုးခင်းလေးလောက်များ နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. . ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .။

ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်...။ပန်းသည်လည်း စောင့်ဆဲ..."နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .။

ပန်းသည်ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . . ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ ပြန်ခဲ့ရတော့သည်. . .

"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. . ၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. . . အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."

ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . . မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .

(ဗန်းမော်ဆရာတော် ပုံပြင်များ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Saturday, July 2, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်ဖိတ်ကြားလွှာ



မြန်မာဗုဒ္ဓသာသနာပြုကျောင်း  စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာတော်
အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာဝါဆိုလဆန်း ၁၀ -ရက် (၁၀ .၇. ၂၀၁၁) တနင်္ဂနွေနေ့ တွင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း
ဝါဆိုသင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ
အစီအစဉ် အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်

နေ့ ရက် - ( ၁၀ .၇. ၂၀၁၁ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - အရုဏ်ဆွမ်း မုန့်ဟင်းခါး နေ့ဆွမ်းဒန်ပေါက် များဖြင့်
ကိုခင်လှိုင်နှင့်သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းပါမည်။

;;