Friday, June 3, 2011

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

အမည် - ကိုရီးယားရောက် သူငယ်ချင်းများ

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤ ၅ မျိုး၊ အဖိုးထိုက်လှစွာ…ဟူသော တရားတော်နှင့်အညီ ဒါနမှု၌ အထုံအလေ့ ရှိသော
ကျွန်တော်များ ကိုရီးယားနိုင်ငံရောက် သူငယ်ချင်းတစ်စုတို့သည် ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား၊ ၀ီရိယစွမ်းအားတို့မှ ရရှိလာသော ငွေကြေးများဖြင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော မိမိတို့၏ ချွေးနည်းစာထဲမှ ထုတ်နှုတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့စေရန် ရည်စိတ်သန်လျှက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်နှင့် ဓမ္မဒူတကျောင်းတော်တို့၌ သီတင်းသုံးတော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်း ၄ ပါးတို့ဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေခြင်းအကျိုးငှာ ထာဝရ ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဒန်ပေါက်ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

ထို့ပြင် ပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသောကြောင့် ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာ သူငယ်ချင်းများနှင့်အတူ တရားတော်နာ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

0 Comments:

Post a Comment