Wednesday, June 9, 2010

New Myanmar's Passports နှင့် သိသင့်သည်များ

နိုင်ငံကူးလက်မှတ် သက်တမ်း တိုး ဆောင်ရွက်သူများ အနေဖြင့် စက်ဖြင့် ဖတ်ရှုနိုင်သည့်

ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ယူပြီးပါက မြန်မာနိုင်ငံကူး

လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ အပ်နှံရမည့် နိုင်ငံကူးလက်မှတ် အဟောင်းများတွင် ဗီဇာ

သက်တမ်းကျန်ရှိနေပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်

ရွက်ရာတွင် နိုင်ငံကူးလက်မှတ် အဟောင်းများအား သက်ဆိုင်ရာက သိမ်းဆည်းပြီး၊

စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ပေးလျက်ရှိပါသည်။

ယင်းသို့ နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ပေးထားသော်လည်း သက်တမ်းတိုး

ဆောင်ရွက်သူ အချို့၏ နိုင်ငံကူး လက်မှတ်ဟောင်းများတွင် ဗီဇာသက်တမ်း ကျန်ရှိနေ

ပါကအဆိုပါ ဗီဇာထုတ်ပေးသည့် နိုင်ငံသို့ သွားရောက်လိုပါက ဗီဇာပါရှိသည့် နိုင်ငံကူး

လက်မှတ်ဟောင်းကို ပြန်လည်ထုတ်ယူ ကိုင်ဆောင်နိုင်ကြောင်းလည်း သိရသည်။

စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူး လက်မှတ်စနစ်ကို မကူးပြောင်းမီ အချိန်က နိုင်ငံကူး

လက်မှတ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် သက်တမ်းတိုး ဆောင်ရွက်မည့်သူ

ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် တွင် စာရွက်လွတ်များ ကျန်ရှိနေပါက ယင်းစာရွက်

တွင် သက်တမ်းတိုးကြောင်း အထောက်အထားများ ရေးသွင်းပေးသည့်စနစ်ကို ကျင့်

သုံးပြီး စာရွက်အပို အလွတ်မရှိပါက စာအုပ် အသစ်တစ်အုပ် ထုတ်ပေးခြင်းမျိုး ဆောင်

ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စာအုပ်အသစ် ထုတ်ပေးသော်လည်း စာအုပ်အ

ဟောင်းတွင် ဗီဇာသက်တမ်းရှိနေပါက ယင်းစာအုပ်အဟောင်းကိုပါ ကိုင်ဆောင်ခွင့်

ပြုထားကြောင်းသိရသည်။


(စတင် ထုတ်ပေးနေသော စနစ်သစ်ပုံစံ)

ယခု စနစ်သစ်တွင်မူ နိုင်ငံကူး လက်မှတ်ဟောင်းများအား ဘား ကုတ်စနစ် ထည့်

သွင်းထားသည့် နိုင်ငံကူးလက်မှတ်အသစ် စတင်သုံးနေပြီ ဖြစ်သည့်အတွက် လက်ရေး

စနစ်သုံး နိုင်ငံကူး လက်မှတ်ဟောင်းများကို ပူးတွဲကိုင်ဆောင်ခွင့်ပေးမည် မဟုတ်ဘဲ

အဆိုပါ နိုင်ငံကူး လက်မှတ်ဟောင်းများတွင် ဗီဇာသက်တမ်း ရှိပါက ဗီဇာသက်တမ်း

ကုန်ဆုံးချိန်တွင် သက်ဆိုင်ရာ ဗီဇာထုတ်ပေးသည့် နိုင်ငံရှိရာ မြန်မာနိုင်ငံသံရုံးများတွင်

အပ်နှံကြရမည်ဖြစ်သည် ဟု သိရသည်။


' ကျွန်မရဲ့ ပတ်စ်ပို့သက်တမ်း က မေလမှာ ကုန်မှာပါ။ အိမ်ကိုလည်း ပြန်ဖြစ်သွားအောင်၊

ပတ်စ်ပို့သက်တမ်းလည်း တိုးရင်းနဲ့ ဧပြီလဆန်းပိုင်းမှာ မြန်မာနိုင်ငံပြန်လာခဲ့ပါတယ်။

အခု သက်တမ်းတိုးတဲ့အခါ၊ စက်နဲ့ဖတ်တဲ့ ဘားကုတ်စနစ်နဲ့ ဆိုတော့ ကုန်ကျစရိတ်လည်း

အရင်ကထက် နည်းနည်း ပိုကျခဲ့ပါတယ်။ ပတ်စ်ပို့စာအုပ်အသစ် ရခဲ့ပေမယ့် ဗီဇာတုံးက

စာအုပ်အဟောင်းမှာရှိတဲ့အတွက် ပတ်စ်ပို့ရုံးမှာပဲ လျောက်လွှာတင်ပြီး စာအုပ်အဟောင်း

ကို ထုတ်ယူရတယ်။အဲဒီအတွက် စင်ကာပူ မှာရှိတဲ့ မြန်မာသံရုံးမှာ သုံးလအတွင်း

စာအုပ်အဟောင်းကို ပြန်လည်အပ်နှံပါမယ် ဆိုတဲ့ ခံဝန်လက်မှတ်တော့ ရေးထိုးခဲ့

ရပါတယ်'' ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးက

ပြောပြခဲ့ပါသည်။

www.news.eleven.com မှ ကူးယူဖော်ပြပါသည်၊

0 Comments:

Post a Comment