ကိုရီးယား နှစ်သစ်ကူး (설날) ဆောလပိတ်ရက်၌ မြန်မာ
ဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)တွင် အောက်ဖော်ပြပါ
အလှူရှင်များက အလှူဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာမိတ်ဆွေ
အပေါင်းအား ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
(၂.၂.၂၀၁၁)ဗုဒ္ဓဟူးနေ့၊မြင်းခြံ ရွှေညီအစ်ကိုများ အရုဏ်ဆွမ်း---နန်းကြီးသုတ်
နေ့ဆွမ်း---မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံ ကျွေးမွေးပါမည်။
(၃.၂.၂၀၁၁)ကြာသာပတေးနေ့၊ကိုသန်းထိုက်ဦး (편텍) ဖြောင်းထက် ညီအစ်ကိုများ
အရုဏ်ဆွမ်း---ခေါက်ဆွဲကြော်
နေ့ဆွမ်း--- --- မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ကျွေးမွေးဧည့်ခံ ပါမည်။
(၄.၂.၂၀၁၁)သောကြာနေ့၊ကိုစိုင်းအေးချို ၊ကိုကျော်စွာဝင်း ၊ကိုရဲဇာ ၊ကိုဇော် ၊ကိုဝင်းထွန်း
ကိုမျိုးခိုင် ၊ကိုသန်းထိုက်နှင့် သူငယ်ချင်းတစုတို့က
အရုဏ်ဆွမ်း---မုန့်ဟင်းခါး
နေ့ဆွမ်း--- ----မြန်မာ ထမင်း၊ဟင်း များဖြင့် ဧည့်ခံ ကျွေးမွေး ပါမည်။
(၆.၂.၂၀၁၁)တနင်္ဂနွေနေ့၊ကိုမင်းမင်း မှ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း တို့ဖြင့် ဧည့်ခံကျွေးမွေး မည် ဖြစ်ပါသဖြင့်
ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁
Labels: အလှူဒါနပြုကြသူငါ
ယဉ်ကျေးသိမ်မွေ့၍ တန်ဖိုးရှိသောလူ ဖြစ်လိုလျှင် မိမိကိုယ်တိုင် မိမိ အောက်ပါနည်းလမ်းများ
ဖြင့် ဆန်းစစ်ကြည့်နိုင်ပါသည်။
၁. ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာ တို့၏ ဂုဏ်ကျေးဇူးအနန္တကို ယုံကြည်သူဖြစ်ပါသလား။
၂. မကုန်နိုင်သော သိစရာ၊သင်စရာ၊တတ်စရာ၊ မှတ်စရာ များကို ဆည်းပူးစုဆောင်း ရှာဖွေ
သူအဖြစ် အမြဲ ရပ်တည်နေပါသလား။
၃. ရှက်စရာကိုရှက်တတ်ပြီး ကြောက်စရာကို ကြောက်တတ်ပြီး ၊စိတ်၌ ဟီရိသြတ္တပ္ပတရားကို
ကိန်းဝပ်သူဖြစ်ပါသလား။
၎. ကလေးလူငယ်၊ သက်ကြီးရွက်အို၊ မှီခိုသူ၊ ဆင်းရဲသူတို့အား ကူညီမစခြင်း၊ ပေးကမ်းစွန့်
ကြဲခြင်း တို့ အပေါ်၌ စိတ်ချမ်းသာသူ ၊ ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူဖြစ်ပါသလား။
၅. ကိုယ့်ထက်ချမ်းသာသူကို မြင်လျှင် မနာလိုစိတ်ကင်း၍ ၀မ်းမြောက်ဝမ်းသာ စိတ်ဖြစ်ပါသလား။
၆. မိမိနီးစပ်သူများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ် ကင်းကင်းဖြင့် မေတ္တာထားနိုင်ပါသလား။
၇.မိမိထက်နိမ့်ကျသူများနှင့် တွေ့ဆုံပါက နိုင်ထက်စီးနင်းပြောဆို ဆက်ဆံပြုမူချင်သော စိတ်မ
ထားပဲ သနားကြင်နာစိတ် ထားနိုင်ပါသလား။
၈. အာရုံခံစားမှုလွန်ကဲသူမဟုတ်ဘဲ အတွေ့ကို သတိထား၍ ရပ်တည်နိုင်ပါသလား။
၉. လူ့လောကထဲ၌ ကိုယ်တိုင်ယဉ်ကျေးသူ ၊ နာမည်ကောင်းရသူ ၊ ဘ၀တန်ဖိုးရှိသူအဖြစ်
နေပြချင်သည့် စိတ်ရှိပါသလား။
အထက်ပါ အချက်ကိုးချက်ဖြင့် မိမိကိုယ် စမ်းစစ်၍ ဘ၀တွင် တန်ဖိုးရှိသူများ အဖြစ်နေထိုင်
နိုင်ကြပါစေ. . .
သုတေသီဘုန်းမြင့်သွေး
ကိုးကား ..(ayeyarwaddylibrary.blogspot.com )
Labels: စာပေဗဟုသုတ
Labels: အလှူဒါနပြုကြသူငါ
နိုင်ငံရပ်ခြားရောက်ရှိသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ သည်၊ ခင်ရာဆွေမျိုး မြိန်ရာ
ဟင်းကောင်း ဆိုပြီး မိမိဘ၀ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြရပါသည်။ မိမိပေါင်းသင်းနေထိုင်ရာပတ်ဝန်းကျင်တွင် မိတ်ဆွေကောင်း မိတ်ဆွေမြတ်များအား.
ရွေးချယ် ပေါင်းသင်းနိုင်ရန်အလို့ ငှာ၊ မိမိ ကိုယ်တိုင်လည်း သူတပါးအပေါ် မိတ်ကောင်း
ဆွေမြတ် ပီသနိုင်စေရန်.. သတိချပ် စေလိုသောအားဖြင့် ၊ ဒီပို့ စ်လေးကို ဧရာဝတီစာ
ကြည့်တိုက်(ayeyarwaddylibrary.blogspot.com) မှတဆင့် ကူးယူဖေါ်ပြအပ်ပါသည်။
မူရင်းပို့ စ်မှာ အောက်ပါအတိုင်းဖြစ်ပသည်..။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏
အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။
"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။
ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂။ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။
ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။
ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)
Labels: စာပေဗဟုသုတ
Labels: အလှူဒါနပြုကြသူငါ