Monday, January 16, 2012

ကိုရီးယားနှစ်သစ်ကူးပွဲတော်ကာလ{설날} မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)တွင်
အောက်ဖော်ပြပါ အလှူရှင်များမှ အလှူဒါနပြုလုပ်မည် ဖြစ်ပါသဖြင့် ရွှေမြန်မာ မိတ်ဆွေအပေါင်းအား
ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
(၂၀၁၂.၀၁.၂၂)တနင်္ဂနွေနေ့ ဂေါ်ဂျယ် ရွှေညီအကိုများ မှ အာရုဏ်ဆွမ်း..နန်းကြီးသုပ်
နေ့ ဆွမ်း.. မြန်မာထမင်းဟင်း တို့ ဖြင့် ဧည့် ခံကျွေးမွေးပါမည်။
(၂၀၁၀.၀၁.၂၃)တနင်္လာနေ့  ကလေးအဖွဲ့ ရွှေညီအကိုများမှ အာရုဏ်ဆွမ်း..ကြာဆံဟင်းခါး
နေ့ ဆွမ်း..ဧရာဝတီတိုင်း ရေကြည်မြို့  ရွှေညီအကိုများမှ အုန်းထမင်းနှင့် ကြက်သားဟင်း
(၂၀၁၂.၀၁.၂၂)အင်္ဂါနေ့  ဆရာသောင်းနှင့် ကျောင်းသားများမှ အာရုဏ်ဆွမ်း..မုန့် ဟင်းခါး
နေ့ ဆွမ်း..ဒံပေါက်ထမင်းဟင်း များဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။
မြန်မာဗုဒ္ဓသာသာနာပြုကျောင်းတော်တွင် အလှူရှင်များနှင့်တကွ တရားတော်နာကြွရောက်တော်မူပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ရပ်ဝေးဒေသမှ လာရောက်ကြမည့် အလှူရှင်များနှင့် ရွှေညီအကိုများ အဆင်ပြေချမ်းမြေ့စွာ
တည်းခိုနေထိုင်နိုင်၇န် အခန်းများနှင့် အိပ်ရာစောင်များကို သန့် စင်ပေးထားပါသည်။

Tuesday, October 4, 2011


(၂ ရက် ၁၀ လ ၂၀၁၁)တနင်္ဂနွေနေ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ကိုသိန်းမင်း၊ကိုမင်းမင်းနှင့်
သူငယ်ချင်းများစုပေါင်း၍ ဆွမ်းကျွေးအလှူတော်မင်္ဂလာကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလှူတော်မင်္ဂလာသို့ ကြွရောက်ချီးမြောက်တော်မူကြသော ဆရာတော်သံဃာတော် အရှင်မြတ်များနှင့်
ဧည့်ပရိသတ်တို့အား အရုဏ်မုန့်ဟင်းခါးနှင့် နေ့လည် မြန်မာထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပြီး
ကျောင်းတော်၏ ရေရှည်တည်တံ့၍ သာသနာရေး ဘာသာရေးများ လူမှုရေးများ စွမ်းစွမ်းတမံ
ချမ်းသာစွာဆောင်ရွက်နိုင်ရန် ငွေပဒေသာပင် ဝမ် (၅၇၀၀၀၀)ငါးသိန်းခုနှစ်သောင်း တို့ကိုလည်း
မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေခြင်းအကျိုးငှုါ စိုက်ထူလှူဒါန်းခဲ့ပါသည်။
ကုသိုလ်အစုစု၏အဖို့ဘာဂကို အားလုံးအမျှပေးဝေပါသည်။
နတ်လူသာဓုခေါ်စေသော်...

Saturday, October 1, 2011

saiyadaw

Thursday, August 4, 2011


ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကျောင်းထိုင်ဆရာတော် တင်မြောက်ပွဲနှင့် အီရှင်းမ်ဂျောင်ဂုံ၊ ဂင်ဖို နာဂျု ရွှေညီအကိုများ၏The summer holidays အလှူပွဲတော်ကို
(၃၁.၇.၂၀၁၁) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဘုရားအမှူးရှိသော
သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိသတ်တို့အား အလှူရှင်များက အရုဏ်မုန့်ဟင်းခါးနှင့်
နေ့ဆွမ်း ဒံပေါက်ထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင်
အဖွဲ့၏ ကျောင်းထိုင်ဆရာတော်တင်မြောက်ပူဇော်ပွဲ အခမ်းအနား၌ ဓမ္မဒူတ ကျောင်းဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒကနှင့် ဦးကိတ္တိသာရ ၊ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာကျောင်းအရှင်ဝိစိတ္တ၊
ဆိုးလ်မြို့ အရှင်သုဝဏ္ဏ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် လက်ထောက်ဆရာတော်
အရှင်ဥတ္တရတို့မှ ၀မ်းမြောက်စကား မိန့်ကြားတော်မူကြပြီး၊ကျောင်းထိုင်ဆရာတော် ပရဟိတ အရှင်သုမင်္ဂလ (ဝေါ ဆရာတော်)မှ ရေစက်ချ အနုမောဒနာတရားချီးမြင့်ခဲ့ပါသည်။အီရှင်းမ်
ဂျောင်ဂုံ၊ဂင်ဖို နာဂျု ရွှေညီအကိုများမှ ကျောင်းတော်ကြီးအတွက် ထာဝရငွေပဒေသာပင်
ဝမ်(၅၀၀၀၀၀) ငါးသိန်း၊ပင့်သံဃာဆရာတော်တို့အား ၀မ်(၁၀၀၀၀၀)တသိန်းစီနှင့်
ဓမ္မဒူတကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တရားဟော စက်ကြိယာများကို လှူဒါန်းပူဇော်ခဲ့ပါသည်။ အလှူပွဲတော်ကြီးသို့ ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအများအပြားကြွရောက် အားပေးခဲ့ကြပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးအနေဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ပိုမို၍ တိုးတက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်းနှင့် ကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အလှူရှင်များမှဝိုင်းဝန်းကူညီ
လှူဒါန်းထောက်ပံ့၍ ကုသိုလ်တရားပွားများနိုင်ပါကြောင်း အသိပေးနိုးဆော်အပ်ပါသည်။

                                                          ဆရာတော်နှင့်ကျောင်းအကျိုးတော်ဆောင်များ။

Saturday, July 23, 2011

ကျောင်းတက်ပွဲနှင့် ဆွမ်းအလှူပွဲ ဖိတ်ကြားလွှာ


မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)သည် ကိုရီးယားရောက် မြန်မာများ၏ အခက်အခဲများကို ကျောင်းကန်အရိပ် ဓမ္မအရိပ်ဖြင့် စွမ်းနိုင်သမျှ ဖေးမကူညီပေးနေသည့် ကျောင်းတော်ကြီး ဖြစ်သည့်အလျောက် ယခုအခါ ရွှေမြန်မာများ၏ စွမ်းအားကို သံဃာတော်များ၏ မေတ္တာအား၊ ဓမ္မအားဖြင့် ပိုမို၍ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျှက် ကျောင်းအကျိုးဆောင်အဖွဲ့၏  စီစဉ်ပင့်လျှောက်မှုဖြင့် ကြွရောက်တော်မူလာသည့် မြန်မာနိုင်ငံ နယ်လှည့်ဓမ္မကထိက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလ (သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism)အား သာသနာပြုကျောင်းတော်၏ ပဓာန နာယက ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်အပ်နှင်းသည့် ကျောင်းတက်ပွဲအခမ်းအနား နှင့် ကျောင်းတက်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာမည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းအား အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံပေးမည့် အီလ်ရှင်းမ်ဂျောင်းဂုံ (일심정공+기포 나주)ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ၏ ဆွမ်းကပ်လှူဒါန်းပွဲကို အတူတကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ဆရာတော်၏ ဒကာဒကာမများ၊ အလှူရှင်များ၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာအပေါင်းတို့အား အောက်ပါအစီအစဉ်တိုင်း ကြွရောက်ကြပါရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် ဂင်ဖိုနာဂျုရွှေညီအစ်ကိုများမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက် = ၃၁-၇-၂၀၁၁၊ ဝါခေါင်လဆန်း ၁-ရက်၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေလယ် ၃နာရီအထိ
အရုဏ်- မုန့်ဟင်းခါးနှင့် နေ့လည်- ဒံပေါက်ဆွမ်းထမင်းဟင်းတို့ဖြင့် ဧည့်ခံပါမည်။
ကျောင်းတက်ပွဲနှင့် တရားနာချိန် = နေ့လယ် ၁နာရီမှ ၃နာရီအထိ
နေရာ = မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

ကျောင်းအကျိုးဆောင်အဖွဲ့နှင့်
အီလ်ရှင်းမ်ဂျောင်းဂုံ ဂင်ဖိုနာဂျုရွှေညီအစ်ကိုများ



;;