Friday, June 3, 2011

ဒုလ္လဘရဟန်းဝတ်လျှင် သတိထားဆင်ခြင်နိုင်ရန်

မန်းရေနံမြေသားလေး blog မှ ကူးယူဖေါ်ပြပါသည်။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

မိဘကျေးဇူးကြီးမားပုံ....


“ အနှစ်တစ်ရာပတ်လုံးသက်တမ်းမှာ အနှစ်တစ်ရာ သက်တမ်းကာလပတ်လုံး ညာဘက်ပုခုံးပေါ် အဖကိုတင် ၊ ဘယ်ဘက်ပုခုံးပေါ် အမိကိုတင်ပြီး အစစ အရာရာ လိုလေသေးမရှိအောင် လုပ်ကျွေးသော်လည်း မိဘကျေးဇူးမကျေနိုင် ”


မိဘကျေးဇူးကျေအောင်ဆပ်နည်း



၁ ။ သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်
၂ ။ သီလမရှိတဲ့ မိဘကို သီလနှင့်ပြည့်စုံအောင်
၃ ။ မပေးရက် ၊ မလှူရက်နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့် ပြည့်စုံအောင်
၎ ။ ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ် ။ လေးလေးနက်နက်သက်ဝင်ယုံကြည်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင်မိဘကျေးဇူး ကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသားဖြစ်ပါတယ် ။

မာတုပေါသထသုတ္တာန်


အမေတရားတော်များ




အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

အမည် - ကိုရီးယားရောက် သူငယ်ချင်းများ

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤ ၅ မျိုး၊ အဖိုးထိုက်လှစွာ…ဟူသော တရားတော်နှင့်အညီ ဒါနမှု၌ အထုံအလေ့ ရှိသော
ကျွန်တော်များ ကိုရီးယားနိုင်ငံရောက် သူငယ်ချင်းတစ်စုတို့သည် ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား၊ ၀ီရိယစွမ်းအားတို့မှ ရရှိလာသော ငွေကြေးများဖြင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော မိမိတို့၏ ချွေးနည်းစာထဲမှ ထုတ်နှုတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့စေရန် ရည်စိတ်သန်လျှက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်နှင့် ဓမ္မဒူတကျောင်းတော်တို့၌ သီတင်းသုံးတော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်း ၄ ပါးတို့ဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေခြင်းအကျိုးငှာ ထာဝရ ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဒန်ပေါက်ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

ထို့ပြင် ပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသောကြောင့် ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာ သူငယ်ချင်းများနှင့်အတူ တရားတော်နာ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Monday, May 30, 2011

ကိုရီးယားရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား

(5 .6 .2011)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
မြတ်စွာဘုရားအမှူးထား၍ သံဃာတော်အရှင်မြတ်တို့အား
အာရုံဆွမ်းအာဟာရနှင် လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်းဆက်ကပ်ပြီးလျှင်၊
နံနက်။ ။(၉း၀၀)နာရီမှ (၁၀း၀၀) ချိန်ဆရာတော်ဦးဥတ္တရမှ ကြွရောက်
ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကြွေးပြီးလျှင်
နံနက်ပိုင်းတွင် မုန်ဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးပြီး
နေ့လည်။ ။(၁၀း၀၀)နာရီမှ (၁း၀၀) ချိန်ထိကို ကြွရောက်လာသော
မိသင်္ဂဟအပေါင်းတို့အား ဒံပေါက်ထမင်းတို့ ဖြင့်ဧည့်ခံကြွေးမွေးမည် ဖြစ်ပါသဖြင့်
ကိုရီးယားရောက် ရွှေမြန်မာညီအကိုများ တရားတော်နာ ဆွမ်းအလှူသို့
မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ် ပါသည်။
နေရာ။ ။မြန်မာဗုဒ္ဓသာသာနာပြုကျောင်းတော်(부평)

Friday, May 20, 2011

ဆေးကုသမှုအစီအစဉ်..

ကိုရီးယားနိုင်ငံ ရှိ ဗုဒ္ဓ ပရဟိတ ဆေးဆရာဝန်းများ အသင်းမှာ မြန်မာဗုဒ္ဓသာသနာ
ပြုကျောင်းတော်၌ လာမည့် ( ၂၂ - ၅ -၂၀၁၁) ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီမှ
ညနေ ၄ နာရီထိ ကိုရီးယားနိုင်ငံရှိ မြန်မာ လူမျိုးများအတွက် အထွေထွေ ရောဂါနှင့်
အပ်စိုက်၊ သွားခြစ်၊ မာဆက် အစရှိသည် တို့ ကို ကုသပေးမည် ဖြစ်ပါသော ကြောင့်
ဆေးကုသမည့် ပုဂ္ဂိုလ်များ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

;;